1- မိဘအဝတ်အစားလျှော်ပါ။ 2- မိဘကို ပြုစုပါ။ 3- မိဘကိုနေ့စဉ် ကန်တော့ပါ။ 4- မိမိအိမ်ကို သန့်ရှင်းပါ။ 5- မိမိအိမ်မျက်နှာစာကို သန့်ရှင်းပါ။ 6- ဘုရားကျောင်းဆောင် သန့်ရှင်းပါ။ 7- ဘုရားရောင်တော် ဖွင့်ပါ။ 8- ဆွမ်း ပန်း ရေချမ်း ဆီမီး နေ့စဉ်ကပ်ပါ။ 9- ဘုရား တရား သံဃာ ဂုဏ်တော်ပွားပါ။ 10- လမ်းပေါ်ရှိ အမှိုက်သရိုက် ဆူးများမရှိအောင် လှည်းကျင်းပါ။ 11- စေတီပရဝဏ် တံမြက်လှည်းကုသိုလ်ယူပါ။ 12- ဘုန်းကြီးကျောင်း ကုဋီသန့်ရှင်းရေးလုပ်ပါ။ 13- အများသုံးအိမ်သာ သန့်ရှင်းရေးလုပ်ပါ။ 14- မြောင်းဆယ် မြောင်းဖော် မြောင်းတူးပါ။ 15- ရေကန်ဆယ်ပါ။ 16- ရေတွင်း ရေကန် ရေ အလှူပြုပါ။ 17- လမ်းမှာ အမှတ်တမဲ့တွေ့ရတဲ့ ဆာလောင်နေသူ လူ/တိရိစ္ဆာန်ကို ဒါနပြုပါ။ 18- ပံ့သကူ ပစ်ပါ။ 19- ကုသိုလ်ပြုစာရင်းမှတ်ပြီး ပြန်လည်ပီတိပွားပါ။ 20- သစ်ပင်စိုက်ပါ။ 21- အရိပ်လှူပါ။ 22- ညောင်ထောက်ပါ။ 23- လေလွင့်တိရိစ္ဆာန်များကို ဒါနပြုပါ။ 24- အရူးကျွေးပါ။ 25- တံတားထိုးပါ၊ လှူပါ။ 26- ခေါင်းဆေးမင်္ဂလာပြုပါ။ 27- ရဟန်းဒကာ ခံယူပါ။ 28- ရေနစ်တိရိစ္ဆာန်လေးများအား ဆယ်ပါ။ 29- ကံငါးပါး လုံပါ။ 30- စိတ်ကောင်းမွေးပါ။ 31- ဝစီဒုစရိုက် ရှောင်ပါ။ 32- သူတစ်ပါးကျေးဇူးကို သိတတ်ပါ။ 33- သူတော်ကောင်းတရား(၇)ပါးကို ကျင့်သုံးပါ။ အထက်ပါအလုပ်တွေကို ဘာပဲလုပ်လုပ် ပြီးပြီးရော မလုပ်ပါနဲ့။ သဒ္ဓါ ပီတိလေးပွားပြီး ပုဗ္ဗ မုဉ်သ အပရ စေတနာ၃တန်ရအောင်လုပ်ပါ။ မုချ ကံမြင့်လာမှာပါ။🙏🙏🙏 ༺❈❈❈༻ ༺❈❈❈༻ ༺❈❈❈༻