ကားအဲကွန်းအကြောင်း

 NTR Myanmar AutoPart   12 Jul, 2023

ကားအဲကွန်း အလုပ်မလုပ်‌တော့တာ!!! အဲကွန်းက ရေတွေကျနေတာ!!!‌ စက်မောင်းထားတာကြာနေပေမယ့် အတွင်းခန်းက အေးမလာတာ!!! ဘာကြောင့်ဖြစ်တာလဲ...??? ကားအဲကွန်းစနစ်မှာ အခြေခံအနေနဲ့ အစိတ်ပိုင်း (၂) ခုပါဝင်နေပါတယ်။ အတွင်းခန်းက အအေးကွိုင်နဲ့ အင်ဂျင်အပြင်က ကွန်ပရက်ဆာ ပဲပေါ့။ အအေးကွိုင်က ကွန်ပရက်ဆာကြောင့် ဖြစ်လာတဲ့ အအေးကို အတွင်းခန်းသို့ ထုတ်လွှတ်ပေးပါတယ်။ တစ်ကယ်လို့ အဲကွန်းက အလုပ်လုပ်နေပြီး လေအေးမထွက်ခဲ့ဘူးဆိုရင် ကွန်ပရက်ဆာ(Compressor) မကောင်းလို့ပါပဲ။ **************************** ရေတွေက‌ရောဘာလို့ ကျလာတာလဲ...??? ပုံမှန်အနေနဲ့တော့ အအေးကွိုင်က အအေးခန်းတစ်ခုလုံးရဲ့ ရေငွေ့တွေကို ငွေ့ရည်ဖွဲ့ပေးရပါတယ်။ ပြီးရင် Drain Pan (ရေခံဗန်း) ကနေတစ်ဆင့် ရေစွန့်ပိုက်ထဲကို ရေတွေသွားရပါတယ်။ ဒီလိုပုံမှန်ဖြစ်မနေဘူးဆိုရင်တော့ ရေစီးဆင်းမှုမှာ အတားဆီးတစ်ခုရှိနေလို့ပါပဲ။ **************************** မိမိကားအဲကွန်းကို ဘယ်ချိန်တွေမှာ စစ်ဆေးသင့်လဲ...??? အကြမ်းမျဉ်းအားဖြင့် မြို့တွင်းသုံးကားတွေအတွက် ၆ လ တစ်ကြိမ်လောက် Servicing လုပ်သင့်ပါတယ်။ အဝေးပြေးသုံး ကားတွေအတွက်ကိုကြ ၄ လ တစ်ကြိမ်‌လောက် Servicing လုပ်မှ သင့်‌တော်ပါလိမ့်မယ်.... ***************************** မိမိကိုယ်တိုင်‌ရော ဘာတွေလုပ်သင့်လဲ...??? အခြေခံအနေနဲ့ဆိုရင် Air Filter ကို (၂) ပတ်တစ်ကြိမ် လေမှုတ်သန့်စင်ပေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ အတွင်းခန်းလေထွက်အားကိုပိုမိုကောင်းမွန်စေပြီ ကြာရှည်ခံစေမှာပဲဖြစ်ပါတယ်။ လေးစားစွာဖြင့် #NTR_AUTO_PARTS

Related News