Shock Absorber ရဲ့ လုပ်‌ဆောင်ချက်ကဘာလဲ...???

 NTR Myanmar AutoPart   12 Jul, 2023

ကားပေါ်မှ စီးနှင်းလိုက်ပါလာသူများကို သက်တောင်သက်သာရှိစေတာ... မောင်နေရင် ကားခါရမ်းခြင်းမဖြစ်အောင် ချိန်ညှိပေးတာ... ကားတာယာနှင့် မြေပြင် အချိတ်အဆက်မိနေအောင် ထိန်းညှိပေးနေတာ.... ဒါတွေပဲပေါ့။ Shock Absorber တစ်ခုမှာ Spring ၊ Strut စတဲ့ အစိတ်အပိုင်းနှစ်မျိုးပါဝင်နေပါတယ်။ ဒီကောင်တွေက ဖိအားနဲ့ ကန်အားကို မျှတစေပြီး ထူခြားတဲ့လုပ်‌ဆောင်မှုကို ပြုလုပ်ပေးနေလို့ ကားခုန်ပေါက်ပြီး ထိန်းမရတဲ့အန္တရာယ်တွေကနေ ကာကွယ်ပေးနေမှာပါ။ Shock-bar မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြလဲ....??? ဘာဖြစ်မလဲ...??? မကောင်းရင် ပြတတ်တဲ့လက္ခဏာတွေက သိသာပါတယ်။ လမ်းအနိမ့်အမြင့် မညီတဲ့ နေရာတွေ... ချိုင့် ၊ ကမှု တွေရှိတဲ့နေရာတွေ... ဒီလိုနေရာမျိုးတွေမှာဆိုရင် ကားအောက်ပိုင်းကနေ ပြင်းပြင်းထန်ထန် ထိုးနေတာကို ခံစားရပါလိမ့်မယ်။ ဒါဟာ Shock Absorber တွေမကောင်းဘူးဆိုတာကို ပြနေတာပါပဲ။ အရှိန်ပြင်းပြင်းနဲ့သာ ဆက်မောင်းနေမယ်ဆိုရင် ဖိအားနဲ့ကန်အား မမျှတပဲ အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။ မကောင်းတဲ့လက္ခဏာကို သတိထားမိပြီဆိုတာနဲ့ ချက်ချင်း ပြုပြင်တာက အကောင်းဆုံးသော ကာကွယ်မှုတစ်ခုပါပဲနော်...။ “ အားလုံးအသိပညာများ တိုးပွားနိုင်ကြပါစေ...” #NTR AUTO PARTS

Related News