Outlet Supervisor (Trainee) - Batch 15 ထပ်မံခေါ်ယူနေပါပြီ

Salary : Negotiable MMK

  No./251/252, Yangon North Dagon Ward 37, Collective Office Road

  12 March 2024

Job Description

ကျွန်ုပ်တို့ အဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏ ကားပစ္စည်းလောတွင် ၁၀ စုနှစ်တစ်ခုကြာ အောင်မြင်စွာရပ်တည်နိုင်ခဲ့ပြီး ယခုအခါ နိုင်ငံအဝှမ်းတွင် ရုံးခွဲပေါင်း ၃၂ ကျော် နှင့် ဝန်ထမ်းပေါင်း ၁၇၀ ကျော် ရှိလာနေပြီပဲဖြစ်ပါတယ်။ ဒီလို ၁၀ စုနှစ်တစ်ခုကြာ သက်တမ်းရှိနေပြီဖြစ်တဲ့ NTR Myanmar Co., Ltd. တွင် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ယူခွင့်နှင့်အတူ တာဝန်ထမ်းဆောင်ခွင့်ပါ တစ်ပါထဲရမည့် Outlet Supervisor Training သင်တန်းတက်ရောက်ခွင့်အတွက် သင်တန်းသား (Trainee) ၂၀ ဦး ခေါ်ယူပါမည်။ အရင်ပြီးခဲ့တဲ့ Training Batch က သင်တန်းဆင်းပြီး လမ်းကြောင်းတစ်ခုပေါ်ကို ရောက်သွားပြီဖြစ်တဲ့ NTR ကြယ်ပွင့်များရဲ့ စကားသံလေးတွေကို အရင်ဆုံး နားဆင်ကြည့်ပြီး ကိုယ်တိုင်လည်း အဲ့ဒီလို လင်းလက် ကြယ်ပွင့်အဖြစ် ရပ်တည်ချင်တယ်ဆိုရင်တော့ Outlet Supervisor (Trainee) - Batch 15 မှာ ပါဝင်တက်ရောက်နိုင်ဖို့ အခုပဲ စာရင်းသွင်းလိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ #video_liknk https://fb.watch/omTNNitOqI/ #သင်တန်းတက်ရောက်နိုင်ဖို့ဘာတွေလိုအပ်မလဲ . . . ??? တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ (သို့မဟုတ်) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ ကာလရှည်ကျောင်းတက်ရမည့်ကိစ္စ ကင်းရှင်းသူ ဦးစားပေးမည်။ ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်အောက် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားကိုင်ဆောင်ထားသူ၊ နယ်ရုံးခွဲများတွင် သွားရောက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ စိတ်ရှည်ပြီး ဆက်ဆံရေးကောင်းမွန်သူ ဖြစ်ရမည်။ #သင်ကြားပေးမည့်ပုံစံနှင့် #သင်ယူခွင့်ရမည့်ဘာသာရပ်နယ်ပယ်များ Classroom Training (15) ရက် သင်တန်းပြီးနောက် ပထမ (၁) လ (ရက် ၃၀) သည် On-job-training ကာလဖြစ်ပြီး သင်တန်းအတွင်းမှာ Outlet တစ်ခုရဲ့ business ကို ကိုယ်တိုင် စီမံလုပ်ကိုင်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်သည်။ OJT ကာလအတွင်း NTR မှ ဖွင့်လှစ်ထားသော ရုံးခွဲများတွင် သွားရောက် လေ့လာပြီး လုပ်ငန်းခွင်ထိတွေ့မှုနှင့် လေ့ကျင့်မှု အတွေ့အကြုံများကို ရရှိမည်ဖြစ်သည်။ သင်တန်းကာလတွင် သင်ယူခွင့်ရမည့် လုပ်ငန်းစဉ်များနှင့် OJT တွင် လိုက်ပါ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ Customer Service - ဝယ်သူ ဝန်ဆောင်မှုပေးခြင်း Sales - အရောင်းမြှင့်တင်ခြင်း Warehouse Operation - ကုန်လှောင်ရုံလုပ်ငန်းကိုလည်ပတ်ခြင်း Delivery - ပစ္စည်း ထုတ်ပိုး-သယ်ယူ-ပို့ဆောင်ခြင်း Cash Collection - ငွေကောက်ခံသိမ်းယူခြင်း Branch Administration - ရုံးခွဲအား စီမံခြင်း လျှောက်ထားလိုသူများသည် ဖော်ပြပါ Google link အား ၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက် နောက်ဆုံးထားပြီး ဖြည့်စွက်လျှောက်ထားနိုင်သည်။ https://docs.google.com/forms/d/e/1FAIpQLScLdexoSGYAgIWoPfnP6DorazmV5lElkHoyMh_jRD6rilrXMg/viewform?fbclid=IwAR1D25d0dPyjW1Ez5vJJ8INvkkeeTBeorYkBx_nTujseFtQEYVQBWhhAzRQ

Apply Job